Skip to main content

Posts

သင်္ဘောပန်ကာများ အကြောင်း တစေ့တစောင်း (၄)

Controllable-pitch (CP) propeller ဝင်ရိုးတွင် စက်ပစ္စည်းများ ဖြင့်သော်၎င်း၊ ဟိုက်ဒရောလစ် ဖြင့်သော်၎င်း ပန်ကာရွက်များကို hub တွင် လှည့်နိုင်ရန် စီစဉ်၍ တပ်ဆင်ထားပါသည်။ ပန်ကာရွက် လှည့်နိုင်ရန် အတွက် hub ထဲတွင် စက်ယန္တရား(သို့) ဟိုက်ဒရောလစ်စနစ်၏ အစိတ်အပိုင်းများကို ထည့်သွင်း တပ်ဆင်ထားပါသည်။ ထို့ကြောင့် CPP ပန်ကာသည် FPP ပန်ကာထက် ပိုမိုပြီး ခက်ခဲ ရှုပ်ထွေးပါတယ်။ CPP ပန်ကာ၏ pitch ကို အင်ဂျင် ထိန်းသိမ်းမှု အခန်းမှ သော်၎င်း၊ သင်္ဘော၏ ကွပ်ကဲစင် မှသော်၎င်း ပန်ကာ လည်ပတ်နေစဉ်မှာပင် ကြိုက်သည့် အချိန်တွင် ပြောင်းလဲနိုင်သည်။ လိုအပ်သော တွန်းကန်မှုအားနှင့် စွမ်းအားကို ပန်ကာရွက်၏ အနေအထားအား ပြောင်းလဲခြင်းဖြင့် ရရှိပါသည်။ CPP ပန်ကာသည် သင်္ဘော၏ဝင်ရိုး လည်ပတ်မှု ဦးတည်ရာဘက်ကို ပြောင်းလဲရန် မလိုဘဲ ပန်ကာရွက်၏ အနေအထားအား (pitch) ပြောင်းလဲခြင်းဖြင့် သင်္ဘော၏ ရှေးရှုရာ လမ်းကြောင်းကို ပြောင်းလဲ နိုင်ပါသည်။ ဤအကြောင်းကြောင့် ကိုင်တွယ်ထိန်းသိမ်းမှု တိုးတက်ကောင်းမွန်ကာ စက်၏ စွမ်းဆောင်ရည် တိုးတက် လာပါသည်။ CPP ပန်ကာ၏ တစ်ပန်းသာမှု - သင်္ဘော၏ အမြန်နှုန်းမျိုးစုံဖြင့်သာမက အလွန်နှေးသော အမြန်နှုန်းတွင်ပါ စွမ်းအားဆုံးရှုံးမှု
Recent posts

သင်္ဘောပန်ကာများ အကြောင်း တစေ့တစောင်း (၅)

Rudder propellers တက်မ ပန်ကာများ၏ အဓိက ထူးခြားသော လက္ခဏာမှာ တက်မကဲ့သို့ ပတ်ချာလည် လှည့်ပတ်နိုင်သော စွမ်းရည် ရှိခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပန်ကာ မလိုအပ်တော့ပါ။ တက်မ ပန်ကာများကို 'azimuthing thrusters' ဟုလည်း ခေါ်ဆိုသည်။ non-ducted or ducted ပန်ကာအဖြင့် ရှိနိုင်ပါသည်။ ထို့အပြင် pusher or tractor အမျိုးအစား အဖြစ်လည်း ခွဲခြား သတ်မှတ်နိုင်ပါသည်။ ၎င်းပန်ကာသည် တက်မ ရှိသော FPP ပန်ကာထက် ကိုင်တွယ် ထိန်းသိမ်းမောင်းနှင်မှု ပိုမို ကောင်းမွန်ပါသည်။ လွတ်လပ်စွာ လည်ပတ်နိုင်စွမ်း ရစေရန် ရေအောက်ရှိ ဂီယာဘောက်ကို ထောင်လိုက် ဝင်ရိုးဖြင့် လည်ပတ် စေသည်။ ရေအောက်ရှိ စက်အုံတွင် လျှပ်စစ်နှင့် မောင်းနှင်သော မော်တာ၏ ဝင်ရိုးတွင် ပန်ကာ တပ်ဆင် ထားသော အမျိုးအစား များလည်း ရှိပါသည်။ တက်မ ပန်ကာများသည် ပုံစံမျိုးစုံရှိပါသည်။ ၁။ စက်အစိတ်အပိုင်းများနှင့် ဖွဲ့စည်းတည်ဆောက်ထားသော ပုံသေတပ်ဆင်ထားသည့် အမျိုးအစား။ ၎င်းအမျိုးအစား ပန်ကာများတွင် ပန်ကာ နစ်မြုပ်မှု အနေအထားကို ပြုပြင်နိုင်သော စနစ်တပ်ဆင် ထားနိုင်သည်။ ထို့ကြောင့် သင်္ဘော ဝန်အပြည့် မသယ်ဆောင်ချိန်တွင် ရေစူး ရရှိရန် သင်္ဘောအတွင်း ရေဖြည့်စရာ မလိုဘဲ လုံလောက်သော တွန်း

သင်္ဘောပန်ကာများ အကြောင်း တစေ့တစောင်း (၆)

Vertical axis propeller "Cycloidal Propellers" ဟုလည်း ခေါ်ကာ ၁၈၇၀ ခုနှစ် မတိုင်မှီကပင် အဆိုပြုခဲ့သည်။ သို့သော် ၁၉၂၀ မှ Kirsten-Boeing propeller ဖြင့် လက်တွေ့အသုံးချနိုင်ကာ၊ နောက်ပိုင်း ၁၉၃၁ တွင် ပိုမို ရှုပ်ထွေးသော Voith-Schneider propeller ပေါ်ပေါက်လာသည်။ ပန်ကာ၏ ထောင့်မှန် ဝင်ရိုးတွင် လည်ပတ်နေသော ရေပြင်ညီ အဝိုင်းပြား တစ်ခု ပါဝင်သည်။ မိမိ၏ ကိုယ်ပိုင် ထောင့်မှန် ဝင်ရိုးတွင် လည်ပတ်နိုင်သော ထောင်လိုက် ပန်ကာရွက်များကို ၎င်းအဝိုင်းပြား၏ ပတ်ပတ်လည်တွင် တပ်ဆင် ထားပါသည်။ ထောင်လိုက် ပန်ကာရွက်များ၏ ဖြတ်ပိုင်းပုံသည် တောင်ပံပုံစံမျိုး ဖြစ်ပါသည်။ ရေပြင်ညီ အဝိုင်းပြား လည်နေစဉ် ထောင်လိုက် ပန်ကာ၏ ထောင့်အား ပြောင်းလဲ ပေးခြင်းဖြင့် သွားလိုသော ဦးတည်ရာ ဘက်သို့ တွန်းကန်အားကို ရရှိစေပါသည်။ ပန်ကာရွက်များသည် control point P အား ပုံတွင် ပြထားသည့်အတိုင်း ဆက်သွယ်ထားပါသည်။ P သည် ရေပြင်ညီ အဝိုင်း၏ အလယ်ဗဟိုတွင် ရှိနေချိန်တွင် ပန်ကာရွက်များလည်ပတ်သော်လည်း တွန်းကန်အား ဖြစ်ပေါ်မှု မရှိပါ။ အကယ်၍ P သည် အလယ်ဗဟိုမှ တစ်နေရာရာသို့ ရွေ့လျားသွားလျင် ပန်ကာရွက်သည် လည်ပတ်သွားပြီး တွန်းကန်အားကို ရရှိစေပါသည်။ ဦးတည်ရာနှင့်

Hydrophore system

Hydrophore system ကို ဆရာဦးဌေးအောင်၏ပုံ အခြေခံပြီး ပြုပြင်မွမ်းမံထားသောပုံနှင့် စာအပိုင်း အစလေးများ ရေးထားတာတော့ ကြာပါပြီး၊ လက်စလဲ မသပ်ဖြစ် ပဲရှိနေခဲ့တာပါ။ ကိုရန်လင်း က ဒီအကြောင်းကို ရေးတင် လားတော့ ဆက်မရေးတော့ပဲ ဒီအတိုင်းထားလိုက် တော့တယ်။ တစ်နေ့ လျှပ်စစ်သင်တန်းတစ်ခုမှ ပို့ချချက်ဟု ယူဆရသော လက်ရေးမူ copy စာအုပ်ကို လှန်လော ကြည့်ရာမှ ၎င်း system အကြောင်းကို ဖတ်ကြည့်မိပြီး လျှပ်စစ် အင်ဂျင်နီယာတွေရဲ့ စက်ဖက်မှ အင်ဂျင်နီယာများ အပါ်ထားသော သဘောတရားကို အနည်းအကျဉ်း သိမြင်သွားပါ တယ်။ ဒါပေမဲ့ ၎င်းစာအုပ်ပါ ပြဿနာ ဖြေရှင်းခြင်းများကိုတော့ သဘောကျမိပြီး၊ ကျွန်တော်၏ အမြင်နှင့် အတွေ့အကြုံ လေးတွေပါ ပေါင်းစပ်ပြီး ဒီ system လေးကို အပြီးသတ်ပြီး တင်ပေးလိုက်ပါတယ်။ (ကိုရန်လင်း၏ post မှ စာအနည်းငယ်ယူသုံးထာပါတယ်၊ ကိုရန်လင်း ခွင့်ပြုမယ်လို့ထင်ပါတယ်။) အရာအားလုံးကို ကျွန်တော် တက်သိနေသူ တစ်ယေက်မဟုတ်တော့ အမှားပါရင် ထောက့်ပြကြပါခင်ဗျာ။ သို့မှသာ ဖတ်မိသူများလဲ ေဩာ် ဒီဟာမှားနေတာပဲ၊ အမှန်က ဒီလိုကိုဆိုပြီး အမှတ်မမှားတော့ဘူးပေါ့။ ကိုယ်တွေ့ကြုံခဲ့တာလေး တွေရှိရင်လဲ comment ပေးလိုက်ရင် ပိုပြည့်စုံ သွားတာပေါ့နော်။ Hydrophore tanks

Ballast Water Treatment (Management) System နည်းစံနစ်များ နှင့် ရေကြောင်းအင်ဂျင်နီယာများအပေါ် ဖိစီးလာသောအခက်အခဲများ

 International Convention for the Control and Management of Ship’s Ballast Water and Sediments (BWM) [Ballast Water Treatment (Management) System] ကို IMO မှ 13 February 2004 adopted လုပ်ခဲ့ပြီး 8 September 2017 မှာတော့ entry into force ဖြစ်လာပါပြီ။ Resolution MEPC 173(58) အရ BWMS အတွက် Certificate တွေ ၊ documentation တွေ ၊ treatment လုပ်ပေးရမဲ့ စက်မှုပိုင်းဆိုင်ရာ နည်းစံနစ်တွေကို operator တွေအနေနဲ့ အကောင်အထည်ဖော်ရပါတော့တယ်။ တကယ်တမ်းပြောရရင် အပြည်ပြည်ဆိုင်ရာကုန်သွယ်သင်္ဘောများအတွက် ပြဌာန်းလိုက်တဲ့ BWMS နဲ့ ဆက်စပ်ရာ အလုပ်တွေဟာ deck department ပေါ်မှာသာမဟုတ်ပဲ engine department ပေါ်မှာလဲ ကြီးမားစွာဖိအားဖြစ်လာခဲ့ရတဲ့အတွက် onboard ရောက် သင်္ဘောဝန်ထမ်းများအားလုံးဟာ ယခင်ကထက်ပိုပြီး အလုပ်ရှုပ်လာကြရတော့မှာ မြေကြီးလက်ခတ် မလွဲပါပဲ။ ဒီစာရေးနေစဉ်မှာပဲ တလောက MMEA TC မှာလူငယ်ရေကြောင်းအင်ဂျင်နီယာတဦးမှ BWMS Convention အကြောင်းတွေ presentation လုပ်ပြီး ရှင်းလင်းဆွေးနွေးသွားဘူးတာကို သတိယမိပြီး ဒီလူငယ်အင်ဂျင်နီယာလေးကို များစွာ အထင်ကြီးလေးစားမိပါ တယ်။ Latest Convention တွေကို ဆွေးနွေးပေးသွားတာ အလွန်ကောင်း

The Refrigeration

မင်္ဂလာပါခင်​ဗျာ :) ​ရေခဲ​သေတ္တာ​ခေါ်တဲ့ refrigeration များအ​ကြောင်​း သိချင်​ပါသလား ? ဖတ်​ကြည်​့ပါ :) 1, Refrigeration ဆိုတာဘာလဲ ? - Space တစ်ခု (သို့) Space ထဲရှိ Contents များ၏ Temp; ကို Surrounding Temp; အောက်သို့လျှော့ချပေးသော Process တစ်ခုဖြစ်သည်။ 2, Primary Refrigerant ဆိုတာဘာလဲ ?  များသောအားဖြင့် Volatile Liquid များဖြစ်ကြသည်။ ( R12, R22, R134a, R404 )  Direct Expansion Close System တွင် အသုံးပြုသည်။  Low Temp; တွင် Evaporation ဖြစ်နိုင်ပြီး၊ Sea Water Temp တွင် Condense ဖြစ်နိုင်သည်။ 3, Secondary Refrigerant အကြောင်းပြေပြပါ။  Non – Volatile Liquid ဖြစ်ပြီး၊ Conduction နှင့် Convection နည်းဖြင့် Heat ကို Transfer လုပ်ပေးသည်။  Evaporater Coil များကို Brine TK ထဲတွင်နှစ်ထားပြီး Brine Pump ဖြင့်စုပ်ကာ Cold Room အသီးသီးသို့ ပို့ပေးပြီး Blower ဖြင့်မှုတ်ပေးခြင်းဖြင့် C/R ကိုအေးစေသည်။  Indirect Cooling Method ဖြစ်သည်။  Large And Complex System ဖြစ်သည်။ 4, Secondary Cooling System ကဘာတွေအားသာသလဲ ? - အလွယ်တကူ ပြုလုပ်၍ရသောကြောင့် Cheap ဖြစ်သည်။ - Maintenance လုပ်ရလွယ်ကူသည်။ - Ec

ယဉ်ကျေးမှု့ ဓလေ့ထုံးစံနဲ့ သင်္ဘောသား

သင်္ဘောသားဆိုတာ နိုင်ငံတကာက သင်္ဘောကုမ္ပဏီတွေရဲ ့သင်္ဘောတွေပေါ်မှာ လူမျိုးခြားတွေနဲ ့အတူယှဉ်တွဲ လုပ်ကိုင်ကြရသူတွေပါ။ ရှောင်လွှဲလို ့ သိပ်မရပါဘူး။ အများစုက လူမျိုးခြားတွေနဲ ့အတူလုပ်ကိုင်ကြရတဲ့အခါမှာ အင်္ဂလိပ်စကားလို လုပ်ငန်းခွင်သုံးဘာသာစကား (Working language) ကိုသာ နားလည်တတ်ကွ ျမ်းဖို ့ပဲ အလေးထားကြပါတယ်။ သတိမထားမိကြတာက လူမျိုးခြားတွေနဲ ့ယှဉ်တွဲလုပ်ကြတဲ့အခါ လူမျိုးတစ်မျိုးနဲ ့ တစ်မျိုးမတူညီတဲ့ ယဉ်ကေ ျးမှု ဓလေ့ထုံးတန်းစဉ်လာတွေမသိလို ့ နားလည်မှုမပေးနိုင်ကြဘဲ ပြဿနာတွေ မကြာခဏတက်တတ်ကြပါတယ်။ ကြုံတွေ ့တတ်တာလေးတွေ ကြည့်ရအောင်။ ယနေ ့ခေတ်ကာလမှာ ရွှေသင်္ဘောသားလူသစ်တွေနဲ ့ အငယ်တန်းအရာရှိတွေကို ကိုးရီးယားသင်္ဘောကုမ္ပဏီက အလုပ်ခန် ့ ထားတာကို တွေ ့နေရပါတယ်။ အလုပ်တွေ ရကြလို ့ဝမ်းသာစရာပါ။ ကိုးရီးယားလူမျိုးတွေနဲ ့ လုပ်ကိုင်ကြတဲ့အခါ အဆင်ပြေသူတွေရှိသလို စိတ်ညစ်ကြရသူတွေရှိတာကိုလည်း ကြားသိရပါတယ်။ ကိုးရီယားသင်္ဘောသားတွေအများစုက စိတ်ရင်းကောင်းကြပေမယ့် ကိုယ်နှုတ်အမူအယာစရိုက်ကြမ်းတတ်ကြပါတယ်။ စိတ်မြန်၊ လက်မြန်ရှိကြပါတယ်။ ဒါကြောင့်ယဉ်ကေ ျးသိမ်မွေ ့တဲ့ ကိုရီးယားတွေက တီဗွီစီးရီးထဲမှာပဲရှိတယ်လို ့ပြောသူတွေ ပြောကြတာပ